တရုတ်-အာဖဂန်-ပါကစ္စတန် ၃ ပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို ထိန်းသိမ်းပြီး တိုးမြှင့်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2023-05-10 16:31:19  

   မကြာခင် ရက်များတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကန်း သည် အစ္စလာမာဘတ်တွင် ပဉ္စမအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ယင်းသည် ၂၀၂၁ ခုနှစ် အာဖဂန် အခြေအနေကြီးမားစွာ ပြောင်းလဲခဲ့သည့်နောက်ပိုင်းတွင် တရုတ်၊ အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံတို့သည် ပထမဆုံးအကြိမ် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပြီး၊ ၃ ပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး စည်းစနစ် ပြန်လည်စတင်ခြင်းကို ပြသနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုလ ၉ ရက်နေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။