ယခုနှစ်ပထမ၄လအတွင်း တရုတ်နိုင်ငံခြားကုန်သွယ်ရေး သွင်းကုန်ပို့ကုန်သည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် (၅.၈)ရာခိုင်နှုန်း တိုးများ

(GMT+08:00)2023-05-10 16:33:29  

မေလ ၉ရက်နေ့က တရုတ်အကောက်ခွန်ဌာနချုပ်မှ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၄လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး သွင်းကုန်ပို့ကုန်သည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် (၅.၈)ရာခိုင်နှုန်းတိုးများလာကြောင်း ဖော်ပြထား ပါသည်။ ယခုနှစ် ပထမ၄လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး သွင်းကုန်ပို့ကုန် ရလဒ်သည် ဈေးကွက်၏မျှော်မှန်းချက်ကို ကျော်လွန်ကြောင်း၊ တည်ငြိမ်ပြီး ကောင်းမွန်လာသော အရှိန်သည် တစ်ဆင့်တိုးကာ တည်ရှိနေကြောင်း ပညာရှင်များက ပြောကြားပါသည်။ ယခုနှစ်ပထမ၄လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏသည် တရုတ်ငွေ ယွမ် ဘီလီယံ ၁သောင်း ၃ထောင် ၃ရာ ၂ဆယ်ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် (၅.၈)ရာခိုင်နှုန်း တိုးများလာကြောင်း၊ ၎င်းအနက် ပို့ကုန် ပမာဏသည် တရုတ်ငွေ ယွမ် ဘီလီယံ ၇၆၇၀ ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် (၁၀.၆)ရာခိုင်နှုန်း တိုးများလာကြောင်း၊ သွင်းကုန်ပမာဏကတော့ တရုတ်ငွေ ယွမ် ဘီလီယံ

၅၆၅၀ ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် (၀.၀၂)ရာခိုင်နှုန်း တိုးများလာကြောင်း၊ စာရင်းအရ သိရပါသည်။