နွေရာသီချိန် လက်ဖက်ပန်းခြံ၌ မြင်တွေ့ရသည့် လှပသော ရှုခင်းများ

(GMT+08:00)2023-05-09 16:45:17  

   နွေရာသီရောက်လုနီးတွင် ဟူပေပြည်နယ် ဟို့ဖုန်းမြို့နယ် ဇိုမာခရိုင်ရှိ လက်ဖက်ပန်းခြံများတွင် ဆိုင်းဆိုင်းဝေဝေ စိမ်းစိမ်းညိုညို ဖြစ်ပြီး ပန်းချီကားကဲ့သို့ လှပ နေပါသည်။ လွန်ခဲ့သည့် နှစ်များတွင် လက်ဖက်ထုတ်လုပ်ရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ဆောင်ခဲ့သည်နှင့်အမျှ လက်ဖက်ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်သည့် နည်းလမ်းကို စူးစမ်းရှာဖွေပြီး လက်ဖက် ဆွတ်ခူးခြင်းနှင့် လည်ပတ်ကြည့်ရှုခြင်းကို ပေါင်းစပ်နိုင်သော လက်ဖက်စိုက်ခင်းများကို တည်ဆောက်ကာ လက်ဖက်စိုက်တောင်သူများက လက်ဖက်စိုက် ပျိုး ရေးနှင့် ခရီးသွားလာရေးမှ ဝင်ငွေ နှစ်ဆ ရရှိ စေပြီး ကျေးလက်ဒေသ ပြန်လည်ရှင်သန်စေရေးအတွက် တွန်းအားပေးနေပါသည်။