ရဝမ်ဒါတွင် မိုးသည်းထန်စွာ ရွာသွန်းသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်းနှင့် ပတ်သက်၍ တရုတ်သမ္မတသည် ရဝမ်ဒါသမ္မတထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-05-09 16:42:20  

မေလ ၈ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ရဝမ်ဒါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်းနှင့် ပတ်သက်၍ ရဝမ်ဒါနိုင်ငံသမ္မတ Paul Kagame ထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာကို ပေးပို့ ခဲ့ပါသည်။

ထိုသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့ရာ တွင် ရှီကျင့်ဖိန်က မကြာသေးမီ ရက်များအတွင်း ရဝမ်ဒါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရတာကြောင့် လူများ သေကြေ ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရ ကြောင်း၊ ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် မိမိအနေဖြင့် ရော တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စားပါ ဝမ်းနည်းကြေကွဲရကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ဒဏ်ရာရရှိသူများနှင့် ဘေးသင့်ဒုက္ခသည်များ အား နှစ်သိမ့် အားပေး သည်ဟု ပြောကြားလိုကြောင်း၊ ရဝမ်ဒါနိုင်ငံသည် အခက်အခဲများကို ကျော်လွှားပြီး အမိနိုင်ငံကို ပြန်လည်ထူထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြထား ပါသည်။