ပင်လယ်တွင် ကုန်းရေနှစ်သွယ် စစ်ယာဉ်မောင်းနည်း လေ့ကျင့်နေသည့် အရှေ့ပိုင်းစစ်နယ် ကြည်းတပ်မဟာမှ တပ်သားသစ်များ

(GMT+08:00)2023-05-09 16:42:46  

အရှေ့တရုတ်ပင်လယ်နေရာတစ်ခုတွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနေသည်။ အရှေ့ပိုင်း စစ်နယ် တပ်မဟာတစ်ခုသည် ကုန်းရေနှစ်သွယ် စစ်ယာဉ် မောင်းနည်းကို စတင် လေ့ကျင့် နေကြပါသည်။ တပ်သားသစ်များ မောင်းနှင်သည့် စစ်ယာဉ် ၁၀ စီးကျော်သည် ကမ်းခြေမှ ပင်လယ်သို့ လျင်မြန်စွာ မောင်းနှင်သွားကြပါသည်။

တပ်မဟာခေါင်းဆောင်က  ယခုလေ့ကျင့်နေသည့် သင်တန်းသည် အန္တရာယ်များပြီး ခက်ခဲသော ဘာသာရပ်များစွာဖြင့် ရောနှောကာ တပ်သားသစ်များအား စမ်းသပ်မှုများစွာကို ခံယူနိုင်စေရန်၊ ပင်လယ်ပြင်တွင် ရှုပ်ထွေးသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ပေးပြီး ပင်လယ်ပြင်တွင် တိုက်ခိုက်မှုအတွက် ခိုင်မာသော အခြေခံ အုတ်မြစ် များ ချထား ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။