စမတ်စိုက်ပျိုးရေးသည် ရွှေ့ပြောင်းနေထိုင်သူများ၏ဝင်ငွေတိုးစေရန် အထောက်အကူပြု

(GMT+08:00)2023-05-08 15:05:44  

    မေလ ၇ရက်နေ့က ကန်းစုပြည်နယ် Huanghuatan ရွှေ့ပြောင်းနေထိုင်သူ ရပ်ကွက်ရှိ စမတ်စိုက်ပျိုးရေးလုပ်ငန်းမှဝန်ထမ်းများသည် ခရမ်းချဉ်သီး ခူးခြင်း၊ ပါဆယ်ထုတ်ခြင်း၊ အော်ဒါပို့ခြင်းလုပ်ငန်းများဖြင့် အလုပ်များနေကြပါသည်။ ယင်းစမတ် ဖန်လုံအိမ် စိုက်ပျိုးရေး လုပ်ငန်းသည် ဖန်လုံအိမ်ပတ်ဝန်းကျင် ထိန်းချုပ်ရေး၊ ရေနှင့်မြေသြဇာ လှည့်ပတ်ရေး စသည့် ခေတ်မီနည်းပညာများကို အသုံးပြုပြီး စွမ်းအင်ချွေတာကာ ပတ်ဝန်းကျင်ထိန်းသိမ်း သော ခေတ်မီစမတ်မှန်လုံအိမ် ကို ဖန်တီးခဲ့ပါသည်။ စမတ်မှန်လုံအိမ်မှထွက်ရှိလာသော ခရမ်းချဉ်သီးသည်လည်း အရသာကောင်းပြီး ရောင်းပန်းလှပါသည်။ Huanghuatan ရွှေ့ပြောင်းနေထိုင်သူ ရပ်ကွက်ရှိ စိုက်ပျိုးရေးသမားများအတွက် အလုပ်အကိုင်များစွာ လည်းရရှိလာပါသည်။ ယင်းဖန်လုံအိမ်၌ အလုပ်လုပ်ကြသော စိုက်ပျိုးရေးသမားများ၏ တစ်ဦးချင်း လစဉ် ပျမ်းမျှဝင်ငွေ ပမာဏမှာ တရုတ်ငွေ ယွမ် ၄၀၀၀ကျော်ရှိကာ ဒေသခံ ရွှေ့ပြောင်းနေထိုင်သူ များ၏ဝင်ငွေကို တိုးစေရန် အထောက်အကူပြုပါသည်။