ကန် တက္ကဆက်ပြည်နယ်ကုန်တိုက်ပစ်ခတ်မှုတွင် လူ ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-05-08 16:00:51  

အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့ ဆင်ခြေဖုံးရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ယခုလ ၆ ရက်နေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ ၄င်းပစ်ခတ်မှုတွင် သေနတ်သမား အပါအဝင် လူ ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိသူ ၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ၂ ဦး သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံ မီးသတ်အရာရှိက ၆ရက်နေ့ ညမှာ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။