ယူဂိုဆလားဗီးယားဆိုင်ရာ တရုတ်သံရုံး ဗုံးကျဲတိုက်ခိုက်မှု ခံရခြင်းတွင် သေဆုံးခဲ့ရသည့် အာဇာနည်များအား ဆားဗီးယားနှင့် တရုတ်ပြည်သူများမှ ဂါရဝပြုကြ

(GMT+08:00)2023-05-08 16:09:16  

ယခုလ ၇ ရက်နေ့က ဆားဘီးယားနိုင်ငံအစိုးရအရာရှိများ၊ ပြည်သူလူထုများ၊ ဆားဗီးယားဆိုင်ရာ တရုတ်သံရုံးမှ ဝန်ထမ်းများ၊ ဆားဗီးယားရှိ တရုတ်ကုမ္ပဏီများနှင့် တရုတ်အနွယ်ဖွား ကိုယ်စားလှယ်များသည် ယခင်ယူဂိုဆလားဗီးယားဆိုင်ရာ တရုတ်သံရုံး၏မူလနေရာသို့ သွားရောက်ပြီး ၁၉၉၉ ခုနှစ် တရုတ်သံရုံး ဗုံးကျဲတိုက်ခိုက်မှု ခံရခြင်းတွင် သေဆုံးခဲ့ရသည့် Shao Yunhuan ၊ Xu Xinghu နှင့် Zhu Ying တို့ အာဇာနည် ၃ ဦးအား ဂါရဝပြုခဲ့ကြသည်ဟု သတင်းအရသိရပါသည်။