Charles III ၏ နန်းတက်ပွဲကို ဂုဏ်ပြုရန်အတွက် လန်ဒန်မြို့ရှိ Big Ben မီးရောင်စုံပြပွဲ ပြုလုပ်

(GMT+08:00)2023-05-08 16:04:48  

    ဒေသစံတော်ချိန် မေလ ၆ ရက်နေ့က ဗြိတိန်ဘုရင် Charles III နန်းတက်ပွဲ အခမ်းအနားကို လန်ဒန်မြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းသည် နှစ်ပေါင်း ၇၀ အတွင်း ဗြိတိန်တွင် ဘုရင်သစ်၏ ပထမဆုံး နန်းတက်ပွဲဖြစ်ပါသည်။ ထိုနေ့ညတွင် လန်ဒန်မြို့ရှိ Big Ben နှင့် ပတ်ဝန်းကျင် အထင်ကရ အဆောက်အအုံများတွင် မီးရောင်စုံများဖြင့် Charles III နန်းတက်ပွဲအား ဂုဏ်ပြုခဲ့ကြပါသည်။