တရုတ်နိုင်ငံရှိ ပြန်လည်အသုံးပြုနိုင်သော စမ်းသပ်အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်

(GMT+08:00)2023-05-08 16:06:11  

    တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ပြန်လည်အသုံးပြုနိုင်သော စမ်းသပ် အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ပတ်လမ်းအတွင်း ၂၇၆ရက်ကြာ ပျံသန်းပြီးနောက် မေလ ၈ ရက်နေ့မှာ ဆင်းသက်ရန်သတ်မှတ်ထားသည့်နေရာသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ဤစမ်းသပ်မှုသည် ပြီးပြည့်စုံအောင်မြင်မှုရှိပြီး တရုတ်နိုင်ငံ၏ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ်နည်းပညာဆိုင်ရာ သုတေသနတွင် အရေးကြီးသော အောင်မြင်မှုတစ်ခုဖြစ်ပြီး အနာဂတ်တွင် အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းအတွက် ပိုမိုအဆင်ပြေပြီး ကုန်ကျစရိတ်သက်သာသော အသွားအပြန် နည်းလမ်းကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြသထားပါသည်။