သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း ထုတ်လုပ်မှုအပေါ် အပြည့်အ၀လုပ်ဆောင်

(GMT+08:00)2023-05-08 15:57:23  

Yangzhou COSCO Shipping Heavy Industry Co., Ltd သည် တရုတ်နိုင်ငံ ကျန်းစူပြည်နယ် Yangzhou မြို့တွင်တည်ရှိပြီး COSCO မှ တည်ထောင်ထားသော သင်္ဘောဆောက်လုပ်ရေးစခန်း ဖြစ်ပါသည်။ ၄င်း၏ ဖောက်သည်များသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများအပြင် ဂရိ၊ ပြင်သစ်နှင့် နော်ဝေးစသည့်နိုင်ငံများမှ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများလည်း ပါဝင်ကြပါသည်။ လက်ရှိအချိန်တွင် Yangzhou COSCO Shipping Heavy Industry Co., Ltd သည်  အမှာစာစုစုပေါင်း၄၁ခုရှိပြီး ထုတ်လုပ်မှုအပေါ် အပြည့်အ၀လုပ်ဆောင်နေပါသည်။ ၂၀၂၃ခုနှစ်တွင် သင်္ဘောအသစ် ၁၉ စင်းကို ထုတ်လုပ်ပြီးစီးကာ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားပါသည်။