တရုတ်နှင့် ဗီယက်နမ်တို့သည် မြောက်ပင်လယ်ကွေ့ဒေသ ငါးအရင်းအမြစ်များ တိုးပွားစေရန် ငါးသားပေါက် သန်း ၁၀၀ ကျော် မျိုးချ

(GMT+08:00)2023-05-08 16:08:35  

   တရုတ်နှင့် ဗီယက်နမ်တို့သည် မြောက်ပင်လယ်ကွေ့ဒေသ ငါးအရင်းအမြစ်များ တိုးပွားလာစေရန် မေလ ၆ ရက်နေ့တွင် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တုန်းရှင့်မြို့၌ ငါးသားပေါက် မျိုးချရေး လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။

   ယခုအကြိမ် လှုပ်ရှားမှုတွင် ငါးသားပေါက် အမျိုးအစား ၈ မျိုး၊ စုစုပေါင်း အကောင်ရေ ၁ သန်းကျော်ကို မျိုးချပေးခဲ့ပြီး ဂြိုဟ်တုဖြင့် အချိန်နဲ့တပြေညီ လိုက်လံကြည့်ရှုခြင်း၊ DNA တိုင်းတာခြင်း စသည့် ခေတ်မီ နည်းပညာများကို အသုံးချကာ ငါးသားပေါက်မျိုးချမှု၏ အကျိုးသက်ရောက်မှုကို သိပံ္ပနည်းကျကျ ဘက်စုံ လိုက်လံအကဲဖြတ်မည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။