အရှေ့တောင်အာရှမှ ဒူးရင်းသီးများ ကွမ်ရှီးနန်နင်းမြို့ဈေးကွက်သို့ ရောက်ရှိ

(GMT+08:00)2023-05-08 16:04:02  

မေလ ၇ ရက်နေ့တွင် ကွမ်ရှီးနန်နင်းမြို့မှ မြို့သူမြို့သားများ နန်နင်း လယ်ထွက်ကုန် ရောင်းဝယ်ရေးစင်တာသို့ ဒူးရင်းသီးဝယ်ယူရန် လာရောက်ကြပါသည်။ မကြာသေးမီက ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှ ဒူးရင်းသီးအမြောက်အများ နန်နင်းမှာ တင်သွင်း ရောင်းချခဲ့ပါသည်။ ထိုအထဲတွင် ထိုင်းနိုင်ငံက ရွှေခေါင်းအုံးဒူးရင်းသီး လက်လီဈေးသည် တရုတ်ယွမ် ၃၀ အောက်သို့ကျဆင်းသွားကာ အချို့လက်လီဈေးမှာ ယွမ် ၂၀ သာရှိကာ  ဒူးရင်းသီး နှစ်သက်သူများ ဝယ်ယူစားသုံးရန် ဆွဲဆောင်ပါသည်။