ရှီကျင့်ဖိန်သည် ၁၀ကြိမ်မြောက် ကမ္ဘာ့ ပင်လယ်ရပ်ခြားရောက် တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွား အသင်းအဖွဲ့များ တွေ့ဆုံပွဲ ညီလာခံသို့ တက်ရောက်သူများအား တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2023-05-08 20:58:35  

    တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၈ရက်နေ့ နံနက်ပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးတွင် ၁၀ကြိမ်မြောက် ကမ္ဘာ့ ပင်လယ်ရပ်ခြားရောက် တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွား အသင်းအဖွဲ့များ တွေ့ဆုံပွဲ ညီလာခံသို့ တက်ရောက်လာသူများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ပြီး ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား တက်ရောက်လာသူများအား လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ကမ္ဘာ့ ဒေသ အသီးသီးရှိ တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွားများအား ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သ ကြောင်း ဖော်ပြပါသည်။

    ကမ္ဘာ့ ပင်လယ်ရပ်ခြားရောက် တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွား အသင်းအဖွဲ့များ တွေ့ဆုံပွဲ ညီလာခံသည် တစ်ကမ္ဘာလုံးရှိ တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွား ဆိုင်ရာ အဓိက အသင်းအဖွဲ့များနှင့် တာဝန်ခံများ အကြား ကူးလူးဆက်ဆံရေး အတွက် အရေးကြီး ပလက်ဖောင်း ဖြစ်ပါသည်။ ယခုအကြိမ် ညီလာခံသည် “ပြည်တွင်းနှင့် ပြည်ပကို ဆက်စပ်ပေးပြီး လူသား ကံကြမ္မာ အသိုက်အဝန်း အတူ တည်ဆောက်ရေး တွန်းအားပေး”ကို ဆောင်ပုဒ် အဖြစ် ထားရှိပြီး နိုင်ငံနှင့် ဒေသ ၁၃၀ကျော်က တရုတ် နိုင်ငံသားနှင့် တရုတ် အနွယ်ဖွား အသင်းအဖွဲ့များမှ တာဝန်ခံ ၅၀၀ခန့် တက်ရောက ခဲ့ကြပါသည်။