တရုတ်ကျန်းရှီးပြည်နယ်နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်း

(GMT+08:00)2023-05-08 15:58:46  

မေလ ၃ ရက်နေ့မှစပြီး တရုတ်ကျန်းရှီးပြည်နယ်အလယ်ပိုင်း ယီချွင်း၊ဝူကျိုး၊ဂျီအန်းစသည့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါသည်။ ၆ရက်နေ့မနက် ၇ နာရီခန့် တွင် ယီချွင်းမြို့၏ ချင်းဖိန်းတာတမံ ကျိုးပေါက်ခဲ့ပါသည်။ မေလ ၆ ရက်နေ့၁၅နာရီတွင် နိုင်ငံတော် ကြိုတင်ကာကွယ်ရေးဌာနချုပ်သည်  "နိုင်ငံတော် ရေဘေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေး အရေးပေါ်စီမံချက်" အရ အဆင့်(၄) ရေဘေးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်သူအဖွဲ့များကို ဆည်ကျိုးပေါက်ရာနေရာသို့ စေလွှတ်ခဲ့ပါသည်။