ထိုင်ဝမ်ကျွန်းအရှေ့ဘက်ရှိ ပင်လယ်နှင့် လေပိုင်နက်တွင် စန်းတုန်း လေယာဉ်တင်သင်္ဘော အဖွဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

(GMT+08:00)2023-05-08 16:02:09  

စန်းတုန်း လေယာဉ်တင်သင်္ဘောအဖွဲ့သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက်ရှိ ပင်လယ်နှင့် လေပိုင်နက်သို့ သွားရောက်ပြီး လေ့ကျင့်မှုများကို တစ်လနီးပါးကြာ ပြုလုပ်ခဲ့ကာ မကြာမ်ီက ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိပါသည်။ ယခုအကြိမ်လေ့ကျင့်မှုတွင် စန်းတုန်း လေယာဉ်တင်သင်္ဘောအဖွဲ့သည် စနစ်တကျနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ထိုင်ဝမ်ကျွန်း တစ်ဝိုက်တွင် ကင်းလှည့်ခြင်းနှင့် "Joint Sword" စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ပါသည်။