ရှီကျင့်ဖိန်သည် အကြိမ် ၂၀မြောက် ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2023-05-07 13:56:23  

     တရုတ် နိုင်ငံ သမ္မတ၊ ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ရက်နေ့ ညနေပိုင်းက အကြိမ် ၂၀မြောက် ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ရာ စီးပွားရေး လုပ်ငန်း အပေါ် ပါတီ ဗဟို ကော်မတီ၏ စုစည်း ဦးဆောင်မှုကို တစ်ဆင့်တိုးမြှင့်ကောင်းမွန်စေရမည် ဖြစ်ကြောင်း၊ ဒြပ်ရှိ စီးပွားရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီး အချက် အဖြစ် ထားရမည် ဖြစ်ကြောင်း၊ လူဦးရေ တစ်ခုလုံး အရည်အသွေး မြှင့်တင်ရေးကို အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားပါသည်။