Charles III ဘုရင်၏ နန်းတက်ပွဲကျင်းပ

(GMT+08:00)2023-05-07 13:59:02  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီတွင် ဗြိတိန်ဘုရင် Charles III ၏ နန်းတက်ပွဲ အခမ်းအနားကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Westminster Abbey တွင် တရားဝင် ကျင်းပခဲ့ပါသည်။ ယင်းသည် နှစ်ပေါင်း ၇၀ အတွင်း ဗြိတိန်တော်ဝင်မိသားစု၏ ပထမဆုံး နန်းတက်ပွဲဖြစ်ပြီး နောက်ဆုံးအကြိမ်ကတော့ ၁၉၅၃ ခုနှစ်တုန်းက ကွယ်လွန်သူ ဘုရင်မကြီး Elizabeth II ၏ နန်းတက်ပွဲ ဖြစ်ပါသည်။ နန်းတက်ပွဲ အခမ်းအနား လုံခြုံစေရန်အတွက် လန်ဒန် ရဲတပ်ဖွဲ့သည် ရဲဝန်ထမ်း ၂ သောင်း ၉ ထောင် ကျော်ကို စေလွှတ်ခဲ့ကြောင်း သိရပါသည်။