China Media Group သည် ပါရီ အိုလံပစ်အားကစားပြိုင်ပွဲ၏ အဓိကထုတ်လွှင့်သည့် Media Group ဖြစ်လာရန် ဖိတ်ကြား ခံရ

(GMT+08:00)2023-05-07 13:57:47  

    မေလ ၆ ရက်နေ့က နိုင်ငံတကာအိုလံပစ် ကော်မတီ Olympic Broadcasting Service (OBS) နှင့် China Media Group (CMG) တို့သည် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ဘေကျင်းတွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး၊ CMG သည် ပါရီအိုလံပစ်အားကစား ပြိုင်ပွဲ၏ အဓိကထုတ်လွှင့်သည့် Media Group ဖြစ်လာရန် တရားဝင် ဖိတ်ကြား ခံခဲ့ရပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် အိုလံပစ် စိတ်ဓာတ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားအောင် အတူတကွ အားဖြည့်ဆောင်ရွက်ရန်အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှု စည်းစနစ်ကို ထူထောင် သွားကြမည် ဖြစ်ကြောင်း သတင်းအရသိရပါသည်။