ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံတကာမှ စိုးရိမ်ရသည့် အများပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း WHO မှ ကြေညာ

(GMT+08:00)2023-05-06 17:09:57  

ဒေသစံတော်ချိန် မေလ ၅ ရက်နေ့တွင် WHO မှ ဒါရိုက်တာချုပ် Tedros က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံတကာအတွက် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်းကြေညာခဲ့ပါသည်။

  မေလ ၄ ရက်နေ့တွင် WHO သည် ၁၅ ကြိမ်မြောက် ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ် အခြေအနေကော်မရှင်အစည်းအဝေးကို ကျင်းပပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျွမ်းကျင်သူ ပညာရှင်များက ကမ္ဘာ့ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများအား အကဲဖြတ်ခဲ့ကြပါသည်။  Tedros သည် ပညာရှင်များ၏ အကြံပြုချက်များကို လက်ခံပြီး ကိုဗစ်-၁၉ သည် နိုင်ငံတကာ အတွက် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ယခုလ ၅ ရက်နေ့မှာ တရားဝင်ကြေညာခဲ့သည်ဟု သတင်းအရ သိရပါသည်။