အမေရိကန်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအား မနာလိုစိတ် လျှော့ချသင့်သည်ဟု တရုတ် ဆို

(GMT+08:00)2023-05-06 17:06:01  

အမေရိကန်  အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အာဖရိက Subcommittee မှ ထုတ်ပြန်ခဲ့သော တရုတ်နိုင်ငံဆိုင်ရာပြောဆိုချက်နှင့်ပတ်သက်၍ မေလ ၅ရက်နေ့က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသည် ပွင့်လင်းပြီးတံခါးဖွင့်သောမူကို ကြာရှည်စွာဆွဲကိုင်ပြီး အာဖရိကဘက်၏လိုအပ်ချက်အရ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ကာ နယ်ပယ်သစ်နှင့်တွန်းအားသစ် အဆက်မပြတ်တိုးချဲ့၍ ပူးပေါင်းဆောင်ရွက်မှုအောင်ကျိုးရလဒ်များ အာဖရိက တစ်ဝန်း၌ ပျံ့နှံ့လာကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန်ဘက်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအား မနာလိုစိတ် လျှော့ချကာ တံခါးဖွင့်ပြီး ဘက်ပေါင်းစုံ ပါဝင်မှု သဘောကို ထားသင့် ကြောင်း၊ zero-sum game နည်းပါးစေပြီး ပူးပေါင်းဆောင်ရွက်မှုအကျိုးတူရရှိရေး ပိုလုပ်သင့်ကြောင်း မော်နင်က ပြောကြားခဲ့ပါသည်။