သံတမန်အရာရှိများကို ထွက်ခွာရန် ဆောင်ရွက်ပေးခဲ့ပြီး အရပ်သားများကို ချန်ထားခဲ့သည့် အတွက် အမေရိကန်မီဒီယာများက ၄င်းတို့အစိုးရကို ပြစ်တင်ဝေဖန်

(GMT+08:00)2023-05-05 15:27:15  

ဆူဒန်တွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် အစိုးရသည် ဆူဒန်ရှိ အမေရိကန် သံရုံးမှ ဝန်ထမ်း ၁၀၀ ကို ထွက်ခွာရန် အရင်ဆုံး ဆောင်ရွက်ပေးခဲ့သော်လည်း အမေရိကန်နိုင်ငံသားများ၏ ဘေးကင်းရေးကို လျစ်လျူရှုပြီး ၎င်းတို့အား မိမိကိုယ်တိုင် ထွက်ခွာရန် တောင်းဆိုခဲ့ရုံသာမက ၄င်းတို့တည်ရှိရာ နေရာ၌ ဘေးခိုရန် အကြံပြုခြင်းကို လူအများက အလွန်အံ့သြသွား ပြီး မကျေမနပ် မှုများ ဖြစ်လာခဲ့ပါသည်။

အမေရိကန် ၀ါရှင်တန်ပို့စ်သည် မေလ ၃ရက်နေ့တွင် ဝေဖန်ချက်ကို ထုတ်ပြန်ရာတွင် ယင်းဆောင်ရွက်ချက်သည် အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်မှ ထွက်ခွာချိန်တွင် ရှုပ်ထွေးမှုများနှင့် တူပြီး အမေရိကန် ပေါ်လစီ၏ ပျက်ကွက်မှုနှင့် အစိုးရ၏ စွမ်းရည် မရှိခြင်းကို ပြသ နေ ကြောင်း ဖော်ပြခဲ့ပါသည်။

အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ ဆူဒန်နိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသား ၅၀၀၀ ခန့်တွင် ယခုအချိန်အထိ ထွက်ခွာသူ ဦးရေ ၁၅၀၀ သာ ရှိကြောင်း သိရှိရ သည်။