ဥရောပ၏ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး မစ်ရှင်၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲကို ဗြိတိန်နိုင်ငံတွင် ပြုလုပ်

(GMT+08:00)2023-05-05 15:43:27  

ဒေသစံတော်ချိန် မေလ ၄ ရက်နေ့က ဗြိတိန်နိုင်ငံ Bristol မြို့တွင် မိသားစုတစ်စုသည် Bristol လေကြောင်းနှင့် အာကာသ ကုမ္ပဏီတွင် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အစီအစဉ် ပြပွဲမှ အင်္ဂါဂြိုဟ် ပေါ်သုံး စက်ပစ္စည်းများကို ကြည့်ရှုခဲ့သည်။ ယင်း ယာယီပြပွဲသည် ဥရောပ၏ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး မစ်ရှင်၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲ ဖြစ်ပြီး Mars Express အာကာသယာဉ်နှင့်  Beagle 2 lander မော်ဒယ်များနှင့်အတူ အနုပညာရှင်များ၏ အင်္ဂါဂြိုဟ်ပေါ်သုံး စက်ပစ္စည်းများကိုလည်း ပြသထားသည်။