တရုတ် ကျက်ကျန်းပြည်နယ် ကျန့်တေမြို့တွင် စုန့်မင်းဆက်ခေတ်ပုံစံ မြစ်ပေါ် မင်္ဂလာပွဲကျင်းပ

(GMT+08:00)2023-05-05 15:40:39  

  တရုတ် ကျက်ကျန်းပြည်နယ် ကျန့်တေမြို့ရှိ ယန်ကျိုးရှေးဟောင်းမြို့တွင် စုန့်မင်းဆက်ခေတ်ပုံစံ မြစ်ပေါ် မင်္ဂလာပွဲကျင်းပခဲ့သည်။  မဏ္ဍပ် အပြင်ထွက်ခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ သင်္ဘောတက်ခြင်း၊ ကြိုဆိုခြင်း၊ ရှိခိုးခြင်း စသည့် အစီအစဉ် ငါးမျိုးဖြင့် လူအများကိုအခမ်းအနားကိုကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ ကျော် သမိုင်းကြောင်းရှိသော ယန်ကျိုးရှေးဟောင်းမြို့သည် ရှင်းအန်းမြစ်၊ ဖုချွင်းမြစ်နှင့် လန်မြစ်ဆုံတွင် တည်ရှိ သဖြင့် လေးနက်သော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများ စုစည်းနေပါသည်။