မောင်းသူမဲ့ လေယာဉ်များသည် ရုရှား ကရင်မလင်နန်းတော်အား တိုက်ခိုက်ခဲ့၊ တုံ့ပြန်နိုင်ခြေ ရှိသည်ဟု ရုရှားဆို

(GMT+08:00)2023-05-05 15:33:36  

မေလ ၃ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် အထက် လွှတ်တော်အဆောက်အအုံ အမိုးခုံးအထက်တွင် တွေ့ရှိသော မီးနှင့် မီးခိုးများ ဖြစ်ပါသည်။

မေလ ၃ရက်နေ့က မောင်းသူမဲ့လေယာဉ်နှစ်စင်းသည် ကရင်မလင်နန်းတော်အား တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် အီလက်ထရောနစ်အတိုက်အခံစနစ်ဖြင့် အဆိုပါ မောင်းသူမဲ့လေယာဉ်များ မူမမှန်မှုဖြစ်အောင် အချိန်မီဆောင်ရွက်ခဲ့ကြောင်း၊ ပြုတ်ကျခဲ့ သည့် မောင်းသူမဲ့ လေယာဉ်အစိတ်အပိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသည့် အပြင်  ဥစ္စာဓန နစ်နာဆုံးရှုံးမှုလည်း မရှိကြောင်း၊ ရုရှားနိုင်ငံသမ္မတ ပူတင်သည် တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့ခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း လုပ်ရပ်မှာ အောင်ပွဲနေ့မတိုင်မီတွင် ရုရှားနိုင်ငံသမ္မတ ပူတင် အပေါ် အကြမ်းဖက် တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု ဖြစ်သည်ဟု ရုရှား နိုင်ငံက ယူဆကြောင်း၊ သင့်လျော်သော နေရာနှင့်အချိန်တွင် ရုရှားနိုင်ငံသည် တုံ့ပြန် နိုင်ခြေ ရှိကြောင်း ကရင်မလင် နန်းတော်က ပြောကြားခဲ့ပါသည်။