မေဒေး ရုံးပိတ်ရက်ရှည် လူစကားမှုနှင့် တရုတ်ပြည် စီးပွားရေး

(GMT+08:00)2023-05-05 15:44:33  

 ဒီနှစ် မေဒေး ရုံးပိတ်ရက်ရှည်အတွင်း တရုတ်ပြည်တွင်း ခရီးသွား ဦးရေဟာ ၂၇၄ သန်း ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၇၀.၈၃ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ ပြည်တွင်း ခရီးသွား ဝင်ငွေဟာ ယွမ် ၁၄၈ ဘီလီယံကျော် ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၁၂၈.၉ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ သက်ဆိုင်ရာ ခရီးသွား ပလက်ဖောင်းများမှာ ဟိုတယ် မှာယူမှု ပမာဏဟာ ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက်  ၁၀ ဆ ကျော် တိုးလာပါကြောင်း တရုတ်အစိုးရက ထုတ်ပြန်တဲ့ စာရင်း အရ သိရပါတယ်။

   တရုတ်ပြည်ရဲ့ ပြည်ဝင်ပြည်ထွက် မူဝါဒများ ပိုမို ကောင်းမွန်အောင် ပြုပြင် ခဲ့ပြီးနောက် ဒီနှစ် မေဒေး ရုံးပိတ်ရက်ရှည်အတွင်း ပြည်ပရောက် တရုတ် ခရီးသွား ဦးရေလည်း များစွာ တိုးလာပါတယ်။ သက်ဆိုင်ရာ ခရီးသွား ပလက်ဖောင်းများ မှ စာရင်းအရ တရုတ် ခရီးသွားများရဲ့ ပြည်ပရောက် ရှိမှု  ပမာဏဟာ ပြီးခဲ့တဲ့ နှစ် မေလ ရုံးပိတ်ရက်ရှည်ကထက် ၁၈ ဆ တိုးလာပြီး၊ ထိုင်း၊ မော်လဒိုက်၊ အာရပ်စော်ဘွားများနိုင်ငံတို့ဟာ ကြိုဆိုမှု အခံရဆုံးသော နိုင်ငံတွေ ဖြစ်ပါတယ်။

   ရုံးပိတ်ရက်ရှည် စီးပွားရေးဟာ တရုတ်ပြည် စီးပွားရေး အခြေအနေကို ပြသ နိုင်တဲ့ အရေးကြီး ပြတင်းပေါက် တစ်ချပ် ဖြစ်ပါတယ်။ ဒီနှစ် ပထမ သုံးလပတ်အတွင်း စီးပွားရေးဟာ ခန့်မှန်းထားတာထက် တိုးတက်လာခဲ့ပြီး မေဒေး ရုံးပိတ်ရက်ရှည်မှာ စားသုံးမှု ပမာဏဟာလည်း ခန့်မှန်းထားတာထက် များစွာ ကျော်လွန် နိုင်ခဲ့ခြင်းတို့ဟာ တရုတ်ပြည် စားသုံးကုန်ဈေးကွက်များရဲ့ တရှိန်ထိုး တိုးတက်လာခြင်းကို သက်သေထူ ပြ နိုင် ခဲ့ ပါတယ်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့မှ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေး မျှော်မှန်းချက် အစီရင်ခံစာတွင်  အာရှ ပစိဖိတ်ဒေသမှာ တရုတ်ပြည်ရဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြုစွမ်းဆောင်မှုဟာ ပထမနေရာမှာ တည်ရှိနေပါတယ်။ အမေရိကန် Goldman Sachs အုပ်စုမှ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် နှစ်ကုန် အထိ တရုတ် ပြည်တွင်း ဝယ်လိုအား ဘက်စုံ နာလန်ပြန်ထူခြင်းဟာ နိုင်ငံတကာ GDP ကို ၁ ရာခိုင်နှုန်း တိုးလာအောင် တွန်းအားပေးမှာ ဖြစ်ကြောင်း ခန့်မှန်းထားတယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ် ပြထားပါတယ်။