ချင်ကမ်းသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ် နှင့် တွေ့ဆုံ

(GMT+08:00)2023-05-05 15:25:29  

ဒေသစံတော်ချိန် မေလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ချင်ကမ်းသည် Goa ၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အတောအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ် နှင့် တွေ့ဆုံခဲ့ပါသည်။

  တွေ့ဆုံရာတွင် ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်ပြီး နှစ်ဖက် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ချင်ကမ်းက တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်ကို ဆက်လက် တွန်းအား ပေးမည်ဖြစ်ပြီး ရုရှားနှင့် ကူးလူးဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းသွား၍ အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း နိုင်ရန် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လာဗ်ရော့ဗ်က ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်းကို ရုရှားက အလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ မူရပ်တည်ချက်ကို သဘောတူပြီး တရုတ်နိုင်ငံနှင့် ပွင့်ပွင့်လင်းလင်း ရင်းနှီးစွာ ကူးလူးဆက်သွယ်လိုပါကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်တို့သည် အခြား နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ်လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်။