အမြှော်အမြင်ရှိရှိ လက်တွေ့ကျကျ ကြိုးပမ်းကြစို့။ သမ္မတ ရှီကျင့်ဖိန်၏ အကြောင်း ပြန်စာသည် လူငယ်များကို အားပေးနေ

(GMT+08:00)2023-05-05 15:45:25  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကြာမီက တရုတ် လယ်ယာစိုက်ပျိုးရေး တက္ကသိုလ် “သိပံ္ပနည်းပညာခြံလေး”များမှ ကျောင်းသားကျောင်းသူများအား အကြောင်းပြန်စာ တစ်စောင် ပေးပို့ပြီး မျှော်လင့်ချက်များ ဖော်ပြခဲ့ပါသည်။ ကျောင်းသားကျောင်းသူများက အမြှော်အမြင်ရှိရှိ လက်တွေ့ကျကျ ကြိုးပမ်းပြီး တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးနှင့် ခေတ်မီသော ဆိုရှယ်လစ် နိုင်ငံတော်ကို ဘက်စုံ တည်ဆောက်ရေး အတွက် လူငယ်များ၏ အင်အားများကို အသုံးပြု စွမ်းဆောင်ကြမည်ဟု အသီးသီး ဖေါ်ပြခဲ့ကြပါသည်။

၂၀၀၉ ခုနှစ်တွင် တရုတ် လယ်ယာစိုက်ပျိုးရေး တက္ကသိုလ်သည် ဟိုပေပြည်နယ်၌ “သိပံ္ပနည်းပညာခြံလေး”ကို စမ်းသပ် တည်ထောင်ပြီး ဘွဲ့လွန်ကျောင်းသားများကို ကျေးလက်တောရွာသို့ စေလွှတ်ပြီး ပညာသင်ယူသည့် တစ်ချိန်တည်းတွင် ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်၌ လက်တွေ့ကျသည့် ပြဿနာများကို လေ့လာ ဖြေရှင်းပေးကာ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေး တည်ဆောက်မှုအတွက် ဝန်ဆောင်မှု ပေးခဲ့ပါသည်။ ယခု တရုတ် လယ်ယာစိုက်ပျိုးရေး တက္ကသိုလ်သည် တစ်ပြည်လုံး၌ “သိပံ္ပနည်းပညာခြံလေး” ၁၃၉ ခုကို တည်ထောင်ထားပြီး ဖြစ်ပါသည်။

တရုတ် လယ်ယာစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခ၊ “သိပံ္ပနည်းပညာခြံလေး” ဘွဲ့လွန် ကျောင်းသားကျောင်းသူများ၏ ကျူတာဆရာ ကျမ်းဟုန်ယန့်က မိမိတို့သည် ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် မှာကြားထားသည့်အတိုင်း ပိုမိုများပြားသော လယ်သမားများ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေများ တိုးလာစေရန် အကူအညီ ပေးမည် ဖြစ်ပြီး ကျေးလက်ဒေသ၏ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။