ရဝမ်ဒါနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ (၁၃၀)သေဆုံး

(GMT+08:00)2023-05-05 15:36:25  

ရဝမ်ဒါနိုင်ငံအစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူက ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးနှင့် တောင်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် လူ(၁၃၀) ဦး သေဆုံးခဲ့သည့်အပြင် အိမ် လုံးရေ (၅၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း မေလ ၄ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။