အမေရိကန်သည် မက္ကဆီကို အဖွဲ့အစည်းအချို့ကို ထောက်ပံ့ကူညီသည်ဟုသံသယရှိပြီး မက္ကဆီကိုကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်သည်ဟု မက္ကဆီကိုသမ္မတဆို

(GMT+08:00)2023-05-05 15:26:26  

ဒေသစံတော်ချိန် မေလ ၃ ရက်နေ့တွင် မက္ကဆီကိုသမ္မတ လိုပက်ဇ်သည် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ မေလ ၂ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်ထံ ရေးထားသည့် စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

မက္ကဆီကိုအစိုးရကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့် ပြည်တွင်းမက္ကဆီကို အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ ငွေကြေးအကူအညီ ပေးနေသည်ဟု အမေရိကန်က သံသယရှိကြောင်း၊ ယင်းလုပ်ရပ်သည် မက္ကဆီကိုကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်သည့်လုပ်ရပ်ဖြစ်ကြောင်း ၎င်း၏စာထဲတွင် ရေးသားဖေါ်ပြထားပါသည်။ တစ်ချိန်တည်းမှာပင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် အမေရိကန်သည် မက္ကဆီကိုရှိ အဆိုပါ အတိုက်အခံအဖွဲ့အစည်းများအတွက် ရန်ပုံငွေ ဘတ်ဂျက်ကို တိုးမြှင့်သွားရန် စီစဉ်ထားသည်ဟု ဖေါ်ပြထားပါသည်။