ချုံချင့်မြို့ လူနေရပ်ကွက်တစ်ခုတွင် ပြည်သူများအား အကျိုး ပြုသော ထမင်းစားခန်းကို ဖန်တီးကာ သက်ကြီးရွယ်အိုများ အဆင်ပြေပြေ စားနိုင်အောင် ပြုလုပ်

(GMT+08:00)2023-05-05 15:37:34  

မေလ ၄ရက်နေ့က ချုံချင့်မြို့ Jiulongpoရပ်ကွက် Minzhuရွာ၌ အသစ်ဖွင့်လှစ်ခဲ့သော လူနေရပ်ကွက် ထမင်းစားခန်းသည် ထမင်းလာစားသူများ၏ ချီးကျူးမှုကို များစွာ ရရှိခဲ့ပါသည်။

လူနေရပ်ကွက်နေသူ Yang Zhongqunက လူနေရပ်ကွက်ရဲ့ ထမင်း စားခန်းဟာ အရမ်းနွေးထွေးတယ်၊ အစားအစာလည်း သန့်ရှင်းတယ်၊ အရသာလည်း ကောင်းတယ်၊ သက်ကြီးရွယ်အိုများရော လူငယ်တွေပါ အကုန် ကြိုဆိုပါတယ်ဟု သတင်းထောက်အား ပြောပြခဲ့သည်။ ယင်းရပ်ကွက်သည် ရပ်ကွက်ဟောင်းဖြစ်ပြီး ရပ်ကွက်ထဲတွင် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ များပြားသောကြောင့် ယခင်က သက်ကြီးရွယ်အိုများ အိမ်ထဲတွင် ထမင်းစားဖို့ ခက်ခဲခြင်း ပြဿနာ ထင်ရှားခဲ့ကြောင်း သိရပါသည်။