ဆွစ်ဇာလန် စစ်တပ်သည် ပြင်သစ်စကားပြောဒေသများတွင် အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2023-05-05 15:28:53  

မေလ ၄ရက်နေ့တွင် ဆွစ်ဇာလန် စစ်တပ်သည် တပ်ဖွဲ့ဝင် ၄ ထောင် ပါဝင်သည့် “LUX ၂၃” အကြီးစား စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါသည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို မေလ ၉ ရက်နေ့အထိ ပြင်သစ်စကားပြောဒေသများတွင် ပြုလုပ်မည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ အမျိုးသားလုံခြုံရေး ကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ရန်၊ နယ်နိမိတ်များနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို စောင့်ကြည့်ရန် ဖြစ်ပါသည်။