ဂျပန်ဝန်ကြီးချုပ် Fumio Kishida ၏ တောင်ကိုရီးယားခရီးစဉ်ကို တောင်ကိုရီးယား အာဏာလက်မဲ့ပါတီနှင့် မြို့သူမြို့သား အဖွဲ့အစည်းများက ကန့်ကွက်

(GMT+08:00)2023-05-04 16:06:44  

 ဒေသစံတော်ချိန် မေလ ၄ ရက်နေ့ နံနက်ပိုင်းက တောင်ကိုရီးယား အကြီးဆုံး အာဏာလက်မဲ့ပါတီဖြစ်သည့် ဘုံဒီမိုကရက်တစ်ပါတီနှင့် မြို့သူမြို့သား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် တောင်ကိုရီးယား လွှတ်တော်၌ စုစည်းကာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ၏ တောင်ကိုရီးယားခရီးစဉ်ကို ကန့်ကွက်ကြောင်းဖော်ပြခဲ့ကြပါသည်။ ဆန္ဒပြသူများက ဆောင်ပုဒ်များကို ကိုင်ဆောင်ထားပြီး ယင်းဆောင်ပုဒ်များတွင် “သမိုင်းကို မှားယွင်းအောင် ပြုပြင်ခြင်းကို ပြစ်တင်ရှုတ်ချ” ၊ “တောင်ကိုရီးယား-ဂျပန်၊ တောင်ကိုရီးယား-အမေရိကန်-ဂျပန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်” ၊ “အလုပ်သမားများနှင့် တပ်တွင်းလိင်ကျွန်များ အတင်းအဓမ္မ ခိုင်းစေခြင်းအတွက် တောင်းပန်ပြီး လျော်ကြေးပေးရမည်” ၊ “နျူးကလီးယားရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုကို ဆန့်ကျင်”ဟူသော အကြောင်းအရာများကို ရေးသားထားပါသည်။