အမေရိကန်သည် ယူကရိန်းအား ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ ထပ်မံပေး အပ်မည်

(GMT+08:00)2023-05-04 15:59:13  

မေလ ၃ရက်နေ့တွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအား ဒေါ်လာ သန်း ၃၀၀ တန်ဖိုး ရှိသည့် စစ်ရေးအကူအညီကို ထပ်မံပေးအပ်မည်ဟု ကြေညာခဲ့ပါသည်။ ယင်းကြေညာချက်အရ အဆိုပါ အကူအညီတွင် HIMARS ပြောင်းများ ဒုံးကျည်ပစ်လွှတ်မှုစနစ်သုံး ခဲယမ်းမီးကျောက်များ၊ ဟောင်ဗီဇာအမြောက်များ၊ စိန်ပြောင်းများနှင့် သံချပ်ဖျက်လက်နက်များ ပါဝင်ပါသည်။