ခေတ်သစ် တရုတ်လူငယ်များဤစိတ်ဓာတ် ရှိသင့်သည်

(GMT+08:00)2023-05-04 15:59:47  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီကတရုတ် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ် “သိပံ္ပနည်းပညာခြံလေး”များမှ ကျောင်းသားကျောင်းသူများအားအကြောင်းပြန်စာတစ်စောင် ပေးပို့ပြီးမျှော်လင့်ချက်များဖော်ပြခဲ့ပါသည်။ ထို့ပြင် မေလ ၄ ရက်နေ့ လူငယ်များနေ့ အခါသမယမှာလည်းရှီကျင့်ဖိန်သည် တစ်ပြည်လုံးမှ လူငယ်များအားဆုမွန်ကောင်းတောင်းနှုတ်ခွန်းဆက်သခဲ့ပါသည်။

ရှီကျင့်ဖိန်၏ စာထဲတွင် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်မှတစ်ဆင့် ထားရှိသော “သိပံ္ပနည်းပညာခြံလေး”များသည် ကျေးလက်တောရွာသို့ သွားရောက်ပြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအားဝန်ဆောင်မှု ပေးရာ၌ ပြည်သူလူထုနေထိုင်မှုဘဝဆိုင်ရာပညာဗဟုသုတများကိုလေ့လာသင်ယူနေတာကို ကြားရပြီးနောက် လွန်စွာနှစ်သက် ၀မ်းမြောက်ပါကြောင်း၊ လူငယ်များကျေးလက်တောရွာသို့ သွားရောက်ပြီးလက်တွေ့ကျကျ အပင်ပန်းခံသင့်သည် ဟူသောစာထဲမှဖော်ပြချက်သည် လွန်စွာကောင်းမွန်ပြီးခေတ်သစ် လူငယ်များဤစိတ်ဓာတ် ရှိသင့်ပါကြောင်း၊ အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် လယ်ယာစိုက်ပျိုးရေးအင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးဆိုင်ရာအစီအမံများချထားခဲ့ပြီးကျောင်းသားကျောင်းသူများအနေနှင့် အမြှော်အမြင်ရှိရှိဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ရန်၊ သင်တန်းများတွင် သင်ယူထားသောပညာများကိုကျေးလက်တောရွာများ၏လက်တွေ့ အခြေအနေများနှင့် ပေါင်းစပ်ပြီးလယ်ယာစိုက်ပျိုးရေးကို မြတ်နိုးခြင်းနှင့် လယ်ယာဖွံ့ဖြိုးရေးစွမ်းရည်များကိုတိုးမြှင့်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးပြု စွမ်းဆောင်ရန်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသခေတ်မီရေး၊ ခေတ်မီသောဆိုရှယ်လစ်နိုင်ငံဘက်စုံတည်ဆောက်ရေးအတွက် လူငယ်များ၏ အင်အားများကိုအသုံးပြုဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းရေးသားထားပါသည်။

မကြာမီကတရုတ် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ် “သိပံ္ပနည်းပညာခြံလေး”များမှ ကျောင်းသားကျောင်းသူကိုယ်စားလှယ်များသည် ရှီကျင့်ဖိန်ထံသို့ စာတစ်စောင် ရေးပို့ပြီးလယ်ယာစိုက်ပျိုးရေးအင်အားတောင့်တင်းသောနိုင်ငံတည်ဆောက်ရေးအတွက် အကျိုးပြုရန် သန္နိဋ္ဌာန်ကိုဖော်ပြခဲ့ကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။