အမေရိကန် အဆိပ်ပါပစ္စည်း တင်ဆောင်သော ရထား လမ်းချော်မှုဖြစ်ပွားပြီး သုံးလအကြာ အဆိပ်ပါ ဓာတ်ပစ္စည်းအသစ် ၉မျိုး ထပ်မံတွေ့ရှိ

(GMT+08:00)2023-05-04 16:04:16  

မကြာမီက အမေရိကန် သီးသန့် တိုင်းတာစစ်ဆေးရေးဌာန တစ်ခုက အမေရိကန် အိုဟိုင်းယိုး ပြည်နယ် အရှေ့ပါလက်စတိုင်းစီးတီး အနီး၌ အဆိပ်ပါ ပစ္စည်းများ တင်ဆောင်ထားသော ရထား တစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ပြီးနောက် Dioxin အဆိပ်ဓာတ်ပါသော ဓာတ်ပစ္စည်းအသစ် ၉ မျိုးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

ယင်း သီးသန့် တိုင်းတာ စစ်ဆေးရေးဌာနမှ ဝန်ထမ်း စကော့ စမစ္စက မိမိတို့သည် ရထား လမ်းချော်မှု ဖြစ်ပွားရာ အနီးတဝိုက်ရှိ မိသားစု ၁၅ စုရဲ့ အိမ်တွင်း အနွေးပေးစက်များကို တိုင်းတာ စစ်ဆေး ခဲ့ပြီးနောက် Dioxin အဆိပ်ဓာတ်ပါသော ဓာတ်ပစ္စည်းအသစ် ၉ မျိုးကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း၊ ယင်းဓာတ်ပစ္စည်းများသည် အဆိပ်ပြင်းပြီး ကင်ဆာ ဖြစ်စေနိုင်သည့်အပြင် လူခန္ဓာကိုယ် ခုခံစွမ်းအားကိုလည်း ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။