ယူကရိန်းသမ္မတ Zelensky သည် မြောက် ဥရောပ ၅ နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-04 16:06:20  

   ဒေသစံတော်ချိန် ၃ ရက်နေ့က ဖင်လန်နိုင်ငံ ဟယ်စင်ကီမြို့တော်တွင် ယူကရိန်း သမ္မတ Zelenskyသည် မြောက် ဥရောပ ၅ နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြောက် ဥရောပနိုင်ငံများ၏ ယူကရိန်းနိုင်ငံအား ထောက်ခံမှု၊ ယူကရိန်းနှင့် ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့အကြား ဆက်ဆံမှု တိုးတက်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြီး ဖင်လန်သမ္မတ Niinisto ၊ ဆွီဒင်ဝန်ကြီးချုပ် Kristersson ၊ နော်ဝေးဝန်ကြီးချုပ် Støre ၊ ဒိန်းမတ်ဝန်ကြီးချုပ် Frederiksen နှင့် အိုက်စလန်ဝန်ကြီးချုပ် Jakobsdóttir တို့ ယင်းဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ကြပါသည်။

        မြောက်ဥရောပ နိုင်ငံများမှ ခေါင်းဆောင်များသည် ယူကရိန်းကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအား စစ်ရေးထောက်ပံ့မှုသစ်များကို ထောက်ပံ့ပေးရန် ပြင်ဆင်နေကြောင်း၊ ယူကရိန်းနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးကို ထောက်ပံ့ပေးရန် ကတိပြုကြကြောင်း ပူးတွဲကြေညာချက်တွင် ဖေါ်ပြခဲ့ပါသည်။