ဥဇဘက်ကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ သတင်း ထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြေကြား

(GMT+08:00)2023-05-03 16:13:29  

မေး- လွန်ခဲ့သည့် ရက်အနည်းငယ်က ဥဇဘက်ကစ္စတန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ် ပဏာမ မဲရေတွက်မှုရလဒ်များက ဥဇဘက်ကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို အောင်မြင်စွာ အတည်ပြုလိုက်ကြောင်း ပြသခဲ့ပါတယ်  ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်ဘက်က ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ- ဥဇဘက်ကစ္စတန်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ထောမနာ ပြုပါသည်။ သမ္မတ Mirziyoyev ၏ ဦးဆောင်မှုအောက်တွင် ဥဇဘက်ကစ္စတန် ပြည်သူများ၏အမျိုးမျိုးသော ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိလာမည်ဟု ယုံကြည်ပါသည်