မေဒေး ရုံးပိတ်ရက်ရှည်၏ ပထမ လေးရက်အတွင်း ပြည်နယ်ဖြတ်ကျော် ခရီးသွားဦးရေ 23.6% ရှိပြီး ပြည်နယ်တွင်း ခရီးသွား ဦးရေ 76% ရှိ

(GMT+08:00)2023-05-03 16:08:28  

China Mobile wutong Big Data မှ ထုတ်ပြန်သော စာရင်းအရ မေဒေး ရုံးပိတ်ရက်ရှည်၏ ပထမ လေးရက် ဖြစ်သည့် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ပြည်နယ်ဖြတ်ကျော် ခရီးသွားဦးရေ 23.6%၊ ပြည်နယ်တွင်း ခရီးသွား ဦးရေ 76%၊ ပြည်ပရောက် ခရီးသွား ဦးရေ 0.3% အသီးသီး ရှိကာ ယင်းတို့အနက် ပြည်ပရောက် ခရီးသွားဦးရေသည် မေဒေးရုံးပိတ်ရက် မတိုင်မီ သီတင်းပတ်ကထက် နေ့စဉ် ပျမ်းမျှ 44.4% ကျော် တိုးလာပါကြောင်း သိရပါသည်။

ဟောင်ကောင်နှင့် မကာအို ဒေသမှ ပြည်မကြီးသို့ ခရီးသွား ဦးရေသည် မေဒေးရုံးပိတ်ရက် မတိုင်မီ သီတင်းပတ်ကထက် နေ့စဉ် ပျမ်းမျှ 18.4%ကျော် တိုးလာပြီး ပြည်မကြီးမှ ဟောင်ကောင်နှင့် မကာအိုသို့ ခရီးသွားဦးရေသည် ရုံးပိတ်ရက် မတိုင်မီ သီတင်းပတ်ကထက် နေ့စဉ် ပျမ်းမျှ 63.5%ကျော် တိုးလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။