ချင်ကမ်းသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-03 15:58:55  



ဒေသစံတော်ချိန် မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ချင်ကမ်းသည် နေပြည်တော်၌ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

  ချင်ကမ်းက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး အစဉ်အလာ နက်ရှိုင်းပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သမိုင်းဝင် မြန်မာခရီးစဉ်သည် နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်လက်တွဲပြီး သမ္မတ ရှီကျင့်ဖိန်၏ မြန်မာခရီးစဉ်တွင် အရေးကြီး အောင်မြင်မှု ရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖေါ်ဆောင်၍ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ တရုတ်နှင့်မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာရန် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

  ဦးသန်းဆွေက မြန်မာနိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးပြီး တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံး ဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်များကို ထောက်ခံကာ တရုတ်နိုင်ငံ၏ အဓိကကျသည့် အကျိုးစီးပွား ရေးရာများတွင် တရုတ်နိုင်ငံအား ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ အပြန်အလှန် ဆက်သွယ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြင်္င်္ံတွင် အရေးကြီး လုပ်ငန်းစဉ်များ တည်ဆောက်မှုကို တက်ကြွစွာ တွန်းအားပေးရန်၊ ပိုမို များပြားသော ပြည်သူလူထု အကျိုးစီးပွားနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဖေါ်ဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးပြုရန် အလွန် မျှော်လင့်ပါကြောင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြင်္င်္ံ တည်ဆောက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။