ချင်ကမ်းသည် မြန်မာနိုင်ငံ ယခင် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် တွေ့ဆုံ

(GMT+08:00)2023-05-03 16:04:21  

ဒေသစံတော်ချိန် မေလ ၂ ရက်နေ့တွင် တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ချင်ကမ်းသည် နေပြည်တော်၌ ယခင် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ပါသည်။

ချင်ကမ်းက တရုတ်နိုင်ငံသည် အစဉ်တစိုက် မဟာဗျူဟာ ရှုထောင့်အရ တရုတ်နှင့် မြန်မာ ဆက်ဆံရေးကို သဘောထား တိုးမြှင့်ခြင်း ဖြစ်ပြီး၊ အစဉ်တစိုက် မြန်မာနိုင်ငံ၏ အားကိုးယုံကြည့်ရသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးတို့ကို အစဉ်တစိုက် အားပေးထောက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။

ဦးသန်းရွှေက မြန်မာနှင့် တရုတ် နှစ်နိုင်ငံတို့ အနေနှင့် မွေးချင်းပေါက်ဖေါ် ချစ်ကြည်ရေး အစဉ်အလာကို စွဲစွဲမြဲမြဲ ဆက်ခံပြီး ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံ ဆက်ဆံမှုတွင် ပိုမို များပြားသော အောင်မြင်မှုရလဒ်များ ရရှိဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။