တရုတ်ရေတပ်၏ တရုတ်လူမျိုးများအားဆူဒန်မှ ထွက်ခွာနိုင်ရေးတာဝန် ပြီးမြောက်

(GMT+08:00)2023-05-02 14:49:40  

ဒေသစံတော်ချိန် ဧပြီလ ၂၆ ရက်နေ့တွင် တရုတ်ရေတပ်မှ ဒုံးကျည်ဖျက်သင်္ဘောနန်နင်းစစ်သင်္ဘောနှင့် ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘောဝေးရှန်းဟူတို့သည် ဆူဒန်ရှိတရုတ် လူမျိုးများအားထွက်ခွာနိုင်ရေးတာဝန်ကိုထမ်းဆောင်ရန် ဆူဒန်သို့ အရေးပေါ် ရောက်ရှိခဲ့ပါသည်။

ယင်းသင်္ဘောနှစ်စင်းသည် အေတင်ပင်လယ်ကွေ့၌ ရေကြောင်းစောင့်ကြပ်မှု တာဝန် ထမ်းဆောင်နေသောတရုတ်ရေတပ် စောင့်ကြပ်ရေးသင်္ဘောများအနက် နှစ်စင်း ဖြစ်ပြီးသင်္ဘောပေါ်တွင် စစ်သား ၄၉၀ ကျော် နှင့်ရဟတ်ယာဉ် ၁ စင်းပါတင်ဆောင် ထားပါသည်။

ဒေသစံတော်ချိန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သင်္ဘောနှစ်စင်းသည် ဆူဒန်မှ ထွက်ခွာသောပထမအသုတ် လူပုဂ္ဂိုလ် ၆၇၈ ဦးကိုဆော်ဒီအာရေဗျနိုင်ငံJeddah ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ရက်ပေါင်းများစွာ အတွင်း သင်္ဘော နှစ်စင်းသည် ဆူဒန်ဆိပ်ကမ်းနှင့် Jeddah ဆိပ်ကမ်း ကြားတွင် စုစုပေါင်း ရေမိုင် ၁၁၄၀ ကျော် အကြိမ်ကြိမ် သွားလာ ခုတ်မောင်းပြီး ထွက်ခွာသော လူပုဂ္ဂိုလ် များစွာကို ပို့ဆောင်ပေးခဲ့ပါသည်။

  ၂၉ ရက်နေ့တွင် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆူဒန်ရှိ တရုတ်လူမျိုးများအား ထွက်ခွာနိုင်ရေး တာဝန် ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

   တရုတ်ရေတပ်သည် တရုတ်လူမျိုး အယောက် ၉၄၀ ကို ထွက်ခွာပေးနိုင်ခဲ့သည့်အပြင် သက်ဆိုင်ရာနိုင်ငံများ၏ တောင်းဆိုချက်အရ နိုင်ငံခြားသား ၂၃၁ ဦးကိုလည်း ထွက်ခွာ ပေးခဲ့ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။