ဆူဒန်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ခါတွန်မြို့ပေါ် မီးခိုးများ ထူထပ်

(GMT+08:00)2023-05-02 14:56:03  

ဒေသစံတော်ချိန် မေလ ၁ရက်နေ့တွင် ဆူဒန်နိုင်ငံ ခါတွန်မြို့မှာမီးခိုးများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ပြီး ပြိုင်ဘက် ဗိုလ်ချုပ်ကြီး နှစ်ဦး ဦးဆောင်သော တပ်ဖွဲ့များကြား ပြင်းထန်သောတိုက်ပွဲများသည် တတိယ သီတင်းပတ်အတွင်း ရောက်ရှိလာခဲ့ပါသည်။ ပဋိပက္ခဒဏ်ခံနေရသော ဆူဒန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းလျင်မြန်စွာဆိုးရွားလာသောကြောင့် ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်တန်းအရာရှိ ဆူဒန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။