ဥရောပနိုင်ငံများခရီးသွားအေဂျင်စီများသည် တရုတ် ခရီးသွားများကိုစောင့်မျှော်နေ

(GMT+08:00)2023-05-02 14:50:38  

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သုံးနှစ်ကြာရပ်တန့်ခဲ့ရသည့် ပြည်ပရောက် ခရီးသွားလုပ်ငန်းကိုမကြာမီကတရားဝင် ပြန်လည် စတင်ခဲ့ပါသည်။ မတ်လ ၁၅ ရက်နေ့မှ စပြီးတရုတ်နိုင်ငံသည် ဥရောပခရီးသွားဈေးကွက်များကိုအဓိကထားသည့် ဒုတိယအသုတ် ပြည်ပရောက် အဖွဲ့လိုက် ခရီးသွားလုပ်ငန်းကိုစမ်းသပ် ဖွင့်လှစ်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ပြည်ဝင်ဗီဇာနှင့် ပြည်ဝင် မူဝါဒများပိုမိုပြည့်စုံကောင်းမွန်လာအောင်လည်းဆောင်ရွက်ပြီးတရုတ်ပြည်ရောက် နိုင်ငံခြားခရီးသွားဦးရေလည်းတိုးများလာနေပါသည်။

ဥရောပနိုင်ငံများမှ ခရီးသွားအေဂျင်စီများသည် တရုတ် ခရီးသွားများကိုဆွဲဆောင်ရန် အတွက် ပြပွဲခရီးစဉ်၊ ပွဲတော် ခရီးစဉ်၊ အားကစားပြိုင်ပွဲ ခရီးစဉ်၊ အပန်းဖြေခရီးစဉ် စသည့် ခရီးသွားအစီအစဉ်များကိုအဆက်မပြတ် ဆန်းသစ် စီစဉ်ပေးနေသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။