အီလီနွိုက်ပြည်နယ် အဝေးပြေးလမ်း၌ ကားတိုက်မှုကြောင့် လူ ၆ ဦး ထက်မနည်းသေဆုံး

(GMT+08:00)2023-05-02 14:56:56  

ဒေသစံတော်ချိန် မေလ ၁ရက်နေ့တွင် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် တောင်ပိုင်းရှိ အမှတ် ၅၅ အဝေးပြေးလမ်းတွင် ပြင်းထန်သော သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် ကားအစီး ၄၀မှ ၆၀ အထိ ဆက်တိုက်တိုက်မိကာ လူ ၆ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ မိုးလေဝသဌာနက ဘေးသင့်ဒေသမှ ပြည်သူများအား အိမ်တွင်းနေရန် ကြေညာထားပါသည်။ကားတိုက်မှု ဖြစ်ပွားခဲ့သည့် အဝေးပြေးလမ်းအား ၂ရက်နေ့ နံနက်ပိုင်း သို့မဟုတ် နေ့လယ်ပိုင်းအထိ ပိတ်ထားရနိုင်ကြောင်း အီလီနွိုက်ပြည်နယ် ပို့ဆောင်ရေးဌာနက ဖော်ပြထားပါသည်။