အီရန်သမ္မတသည် ၁၂ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားသို့ သွားရောက်လည်ပတ်မည်

(GMT+08:00)2023-05-02 14:45:46  

ဆီးရီးယားနိုင်ငံသမ္မတ Bashar al-Assad ၏ ဖိတ်ကြားချက်အရ အီရန်သမ္မတEbrahimRaisiသည် ဆီးရီးယားနိုင်ငံမြို့တော် Damascus သို့ မေလ ၃ ရက်နေ့မှစပြီးနှစ်ရက်ကြာအလည်အပတ် သွားရောက်မည်ဟုအီရန်နိုင်ငံအစိုးရပိုင် မီဒီယာကဧပြီလ ၃၀ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါသည်။

ယင်းသည် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလနောက်ပိုင်းအီရန်သမ္မတတစ်ဦး၏ပထမဆုံးအကြိမ်ဆီးရီးယားနိုင်ငံကိုသွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ ဆီးရီးယားနိုင်ငံ ဆိုင်ရာ အီရန် သံအမတ်ကြီးHosseinAkbari က ယခုအကြိမ်ခရီးစဉ်သည် အီရန်နှင့် ဆီးရီးယားအတွက်သာမကယင်းဒေသတွင်းရှိအခြားနိုင်ငံများအတွက်လည်းအလွန်ကောင်းမွန်သည့်အရာတစ်ခုဖြစ်မည်ဟုပြောကြားခဲ့ပါသည်။