ချင်ကန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာနှင့် တွေ့ဆုံ

(GMT+08:00)2023-05-02 14:43:37  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာနှင့် ၁ရက်နေ့က ဘေကျင်းတွင် တွေ့ဆုံခဲ့ပါသည်။

ချင်ကန်းက မြန်မာ့အရေး၏ နောက်ခံသည် ရှုပ်ထွေးပြီး အတွင်းပိုင်းနှင့် ပြင်ပအကြောင်းရင်းများသည်  ရောယှက်နေကာ ¡°အမြန်ကုစားနိုင်သောဆေး¡± မရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို လေးစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်း မြန်မာနိုင်ငံရှိပါတီများနှင့်အစုအဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ကွဲပြားမှုများကိုနည်းပါးသွားစေရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် ထောက်ခံအားပေးသင့်ကြောင်း၊ အာဆီယံ၏ဖျန်ဖြေရေးကြိုးပမ်းမှုများကို လေးစားသင့်ပြီး အာဆီယံ၏ ¡°သဘောတူညီချက်ငါးချက်¡± ကိုအကောင်အထည်ဖော်ရန် မြှင့်တင်သင့်ကြောင်း၊ပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် အကျပ်အတည်းများ များပြားလာခြင်းတို့ကို တားဆီးရန်သတိရှိရှိနှင့်လက်တွေ့ကျကျလုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

နိုလင်းဟေဇာက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေး ဖြေရှင်းရေးတွင်တရုတ်နိုင်ငံ၏အရေးကြီးသောအခန်းကဏ္ဍကို တန်ဖိုးထားချီးကျူးကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်တရုတ်နိုင်ငံကအပြုသဘောဆောင်သောပံ့ပိုးကူညီမှုများဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။