အစိုးရ၏ လက်ရှိသံတမန်ရေးမူဝါဒသည် ဒေသတွင်းအခြေအနေပိုမိုတင်းမာစေနိုင်ဟုတောင်ကိုရီးယားမီဒီယာများစိုးရိမ်

(GMT+08:00)2023-05-01 13:13:56  

တောင်ကိုရီးယားသမ္မတYoon Suk-yueသည် ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန်၌ ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ တောင်ကိုရီးယားသို့ ပြန်လာခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်သည် တောင်ကိုရီးယား ပြည်တွင်းပြည်ပမှ မီဒီယာများ၏ ပြစ်တင် ဝေဖန်မှုများခံခဲ့ရသည်ဟုသတင်းရရှိပါသည်။

တောင်ကိုရီးယားနိုင်ငံယခင်ထောက်လှမ်းရေးဌာနဌာနမှူးပတ်ဂျီဝန်ကတောင်ကိုရီးယားအစိုးရသည် တောင်ကိုရီးယား ပြည်သူများကိုကိုယ်စားပြုပြီးစကားပြောသည် မဟုတ်ဘဲအမေရိကန် နားထောင်ချင်တာကိုပဲပြောနေခဲ့ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါသည်။

တောင်ကိုရီးယားစူမျွန် အမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ ၁၁၄ ဦးတို့သည် ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာလက်ရှိအစိုးရ၏ သံတမန်ရေးမူဝါဒသည် တိုင်းပြည်ကို ကျွန်တွင်းနစ်စေနိုင်သည့်မူဝါဒ ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြပြီးကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကိုဖျက်ဆီးမည့် စစ်အန္တရာယ် ဖြစ်စေနိုင်သည့် စိန်ခေါ်သောသဘောပါသည့် ယင်းသံတမန်ရေးမူဝါဒကိုအမြန်ဆုံးရပ်စဲရန် တောင်းဆိုခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။