ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့များသည် ၇၂ နာရီကြာအပစ်အခတ် ဆက်လက် ရပ်စဲရန် ကြေညာ

(GMT+08:00)2023-05-01 13:09:16  

ဧပြီလ ၃၀ ရက်နေ့ညကဆူဒန် လက်နက်ကိုင်တပ်ဖွဲ့သည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးချိန်မှစ၍ ၇၂ နာရီကြာအပစ်အခတ်ရပ်စဲရေးကိုဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ မေလ ၁ ရက်နေ့ သုည နာရီမှစ၍ ၇၂ နာရီကြာအပစ်အခတ် ဆက်လက် ရပ်စဲမည်ဖြစ်ကြောင်းဆူဒန် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့က ထိုနေ့အစောပိုင်းမှာကြေညာခဲ့ပါသည်။