“Qiushi”မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါး ဖော်ပြ

(GMT+08:00)2023-05-01 14:29:40  

မေလ ၁ရက်နေ့ထုတ် အမှတ်စဉ်(၉) “Qiushi”မဂ္ဂဇင်းတွင် “ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ် လေ့လာရေးနှင့် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်း အစည်းအဝေး မိန့်ခွန်း” ဟူသော ခေါင်းစဉ်ဖြင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါးကို ဖော်ပြမည် ဖြစ်ပါသည်။

၎င်းဆောင်းပါးတွင် ပါတီ၏ အာဏာကျင့်သုံးနိုင်စွမ်းနှင့် ဦးဆောင်မှု အရည်အချင်းကို အဆက်မပြတ် တိုးမြှင့်ရမည် ဖြစ်ကြောင်း ရေးသားဖော်ပြပါသည်။